-
Colossians 2
- 1 အကြောင်းမူကား ငါသည် သင်တို့အတွက်လည်းကောင်း၊ လာအိုဒိစိယမြို့တွင်ရှိသော သူတို့အတွက်လည်းကောင်း၊ ငါ့ကို မမြင်ဖူးသေးသော သူတို့အတွက်လည်းကောင်း မည်မျှပြင်းထန်စွာကြိုးပမ်းခဲ့သည်ကို သင်တို့အား သိစေလို၏။-
- 2 ဤသို့ဖြင့် သူတို့ သည် ဘုရားသခင်၏နက်နဲရာဖြစ်သော ခရစ်တော်ကို အမှန်တကယ်နားလည်၍ ကောင်းစွာသိရှိနိုင်ခြင်းငှာ သူတို့အချင်းချင်း ချစ်ခြင်းမေတ္တာ၌ ပေါင်းစပ်ကြလျက် သူတို့၏စိတ်နှလုံး၌ အားပေးနှစ်သိမ့်ခြင်းခံကြရစေရန် ဖြစ်၏။-
- 3 ဉာဏ်ပညာနှင့် အသိတရားတို့၏ဘဏ္ဍာများမှာ ခရစ်တော်၌ပင် ဝှက်ကွယ်လျက်ရှိ၏။-
- 4 မည်သူကမျှ သင်တို့ကို ဆွဲဆောင်ဖြား ယောင်းတတ်သောစကားများဖြင့် မလှည့်ဖြားနိုင်စေရန် သင်တို့အား ငါဤသို့ပြော ဆိုခြင်း ဖြစ်၏။-
- 5 ငါသည် ကိုယ်ကာယအားဖြင့် သင်တို့နှင့်အတူ မရှိသော်လည်း စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူရှိ၏။ သင်တို့သည် ကောင်းမွန်စွာနေထိုင်ကြသည်ကို လည်းကောင်း၊ ခရစ်တော်၌ မြဲမြံစွာ ယုံကြည်ကြသည် ကိုလည်းကောင်း တွေ့ရသောကြောင့် ငါဝမ်းမြောက်ပါ၏။
- 6 ထို့ကြောင့် သင်တို့သည် ယေဇူးခရစ်တော်သခင် ကို ခံယူခဲ့ကြသည့်အတိုင်း ကိုယ်တော်၌အသက်ရှင်ကြလော့။-
- 7 သင်တို့ သင်ယူခဲ့ကြရသည့်အတိုင်း ကျေးဇူးတော်ကို အပြည့်အဝချီးမွမ်းကြလျက် ယုံကြည်ခြင်း၌ ခိုင်မြဲစေပြီး သင်တို့၏ ဘ၀အသက်တာကို ကိုယ်တော်၌ အခြေခံ၍ တည်ထောင်ကြလော့။
- 8 ခရစ်တော်၏လမ်းစဉ်အတိုင်းမဟုတ်ဘဲ လူတို့၏ ထုံးတမ်းစဉ်လာများနှင့် ဤလောက၏အခြေခံသဘော တရားများက အခြေခံ၍ ထွက်ပေါ်လာသော အနှစ်သာရ ကင်းမဲ့သည့်လှည့်စားချက်နှင့် အတွေးအခေါ်တို့ဖြင့် မည် သူကမျှ သင်တို့ကို မဖျက် ဆီးစေရန် သတိပြုကြလော့။-
- 9 အကြောင်းမူကား ဘုရားဇာတိအပြည့်အစုံသည် ကိုယ်ကာယပုံသဏ္ဌာန်ဖြင့် ကိုယ်တော်၌ကိန်းဝပ်တော်မူ၏။-
- 10 သင်တို့သည်လည်း အုပ်စိုးမှုနှင့်တန်ခိုးအာဏာရှိသမျှ တို့၏အရှင်ဖြစ်တော်မူသော ကိုယ်တော်၌ ပြည့်၀စုံလင် သောအသက် တာကိုရရှိကြ၏။-
- 11 ထို့ပြင် သင်တို့သည် ခရစ်တော်၏အရေဖျားလှီးခြင်းအားဖြင့် အသွေးအသား ခန္ဓာကိုယ်ကို စွန့်ပယ်ကြသည်ဖြစ်၍ လူတို့၏ လက်ဖြင့် မလုပ်ဆောင်သောအရေဖျားလှီးခြင်းကိုခံယူကြ၏။-
- 12 ထို့နောက် သင်တို့သည် ဆေးကြောခြင်းမင်္ဂလာ၌ ကိုယ်တော်နှင့်အတူ မြှုပ်နှံသဂြိုဟ်ခြင်းကိုခံကြ၏။ ဤသို့ဖြင့် သင်တို့ သည် ကိုယ်တော့်ကို သေသူတို့အစုမှရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် ထိုဆေးကြောခြင်းမင်္ဂလာ၌ပင် ကိုယ်တော်နှင့်အတူ ရှင်ပြန်ထမြောက်ကြရ၏။-
- 13 သင်တို့ သည် အပြစ်သားများဖြစ်ကြပြီး ခန္ဓာကိုယ်၏အလိုဆန္ဒ များကို စွန့်ပယ်ခြင်းမရှိသောကြောင့် သေဆုံးခဲ့ကြသော အခါ ဘုရားသခင်သည် ငါတို့၏မကောင်းမှုအားလုံးကို ခွင့်လွှတ်၍ သင်တို့အား သားတော်နှင့်အတူ အသက်ရှင် စေတော်မူခဲ့၏။-
- 14 ကိုယ်တော်သည် ပညတ်တရား၏ တောင်းဆိုချက်များနှင့် ငါတို့၏အပြစ်ကြွေးများကိုပယ် ဖျက်တော်မူ၏။ ကိုယ်တော်သည် ထိုအရာများကို လက် ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းဖြင့် ဖျက်သိမ်းတော်မူ၏။-
- 15 ကိုယ်တော်သည် အုပ်ချုပ်သူများနှင့် တန်ခိုးအာ ဏာရှင်တို့ကိုဖယ်ရှား၍ သားတော်အားဖြင့် ၎င်းတို့ကို အောင်နိုင်ကြောင်း လူအများရှေ့တွင် ထုတ်ဖော်ပြတော် ၏။
- 16 ထို့ကြောင့် အစားအသောက်အတွက်ဖြစ်စေ၊ ပွဲလမ်းသဘင်ကျင်းပရာတွင်ဖြစ်စေ၊ လပြည့်နေ့ သို့မဟုတ် ဥပုသ်နေ့အတွက် ဖြစ်စေ မည်သူကမျှ သင်တို့အပေါ် စီရင်ဆုံးဖြတ်ခြင်းမပြုစေနှင့်။-
- 17 ဤအရာတို့သည် နောင်ဖြစ်လတ္တံ့သောအရာ၏အရိပ်သာ ဖြစ်၏။ ခရစ်တော်၏ ခန္ဓာကိုယ်သာလျှင် စစ်မှန်သောအရာ ဖြစ်တော်မူ၏။-
- 18 လွဲမှားသောနှိမ့်ချခြင်းနှင့် ကောင်းကင်တမန်တော်တို့အား ရှိခိုးကိုးကွယ်ခြင်းတို့ကို အခိုင်အမာပြောဆိုလျက် ထူး ခြားသော ဗျာဒိတ်ရူပါရုံများကိုမြင်ရသောကြောင့် အခြားသူတို့ထက် ပိုမိုမြင့်မြတ်သည်ဟုပြောဆိုပြီး လူတို့၏အမြင်ဖြင့် အကြောင်းမဲ့ ထောင်လွှား သောသူတို့သည် သင်တို့ကို မထိုက်တန်ကြောင်းစီရင်ခြင်းမပြုစေကြနှင့်။-
- 19 ထိုသူတို့သည် ဦးခေါင်းနှင့် ဆက်နွယ် ခြင်းမရှိကြချေ။ ထိုဦးခေါင်းသည်ကား ခန္ဓာကိုယ်တစ်ခုလုံးကို ၎င်း၏အရိုး အဆစ်များ အားဖြင့် ပေါင်းစည်းပေးထားလျက် အင်အား ဖြစ်စေပြီး ဘုရားသခင်ထံတော်မှလာသောကြီးထွားမှု ကို ရရှိစေ၏။
- 20 သင်တို့သည် ခရစ်တော်နှင့်အတူ ဤလောက၏ အတွေးအခေါ်များမှ စုတေခဲ့ကြလျှင် အဘယ်ကြောင့် လောကနှင့် သက်ဆိုင်သူများကဲ့သို့ ဆက်လက်ကျင့်ကြံ နေထိုင်ကြသနည်း။ အဘယ်ကြောင့် သင်တို့သည်၊-
- 21 မကိုင်တွယ်ရ၊ မမြည်းစမ်းရ၊ မထိရစသည့်ဥပဒေများကို လိုက်နာနေကြသနည်း။-
- 22 ဤအရာတို့သည် လူတို့ဖန် တီးသည့်ဥပဒေများနှင့် သွန်သင်ချက်များဖြစ်ကြသည့် အလျောက် ယင်းတို့ကို လိုက်နာနေစဉ် တွင်ပင် အားလုံး ပျက်စီးပျောက်ကွယ်သွားတတ်သောအရာများဖြစ်ကြ၏။-
- 23 ဤအရာတို့သည် ပြင်းထန်စွာကိုးကွယ်ဆည်းကပ်ခြင်း၊ လွဲမှားသောနှိမ့်ချခြင်း၊ ခန္ဓာကိုယ်ကို ဥပေက္ခာပြုခြင်း စသည်တို့ကို ကျင့်ကြံစေရန် အားပေးရာတွင် ဉာဏ်ပညာရှိဟန်ပေါ်လွင်သော်လည်း ကိုယ်ကာယ၏တပ်မက်မှုများကို ချုပ်တည်းရာ၌မူ အကျိုးမပြုချေ။
-
King James Version (kjv)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.