-
Romans 5
- 1 ထို့ကြောင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြသောကြောင့် ငါတို့သည် ယေဇူးခရစ်တော် အားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်လာကြ၏။-
- 2 ထိုသခင်မှတစ်ဆင့် ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ယခုခံစားနေရသော ကျေးဇူးတော်ကို ရရှိကြ၏။ ထို့အတူ ငါတို့သည် ဘုရားသခင်၏ဘုန်းတော်ကို ခံစားရမည်ဟူသော မျှော်လင့်ခြင်းနှင့် ဝမ်းမြောက်ကြ၏။-
- 3 ထိုမျှမကသေး။ ငါတို့သည် မိမိတို့ခံရသော ဆင်းရဲဒုက္ခများ၌ ဝမ်းမြောက်ကြရ၏။ အကြောင်းမူကား ဆင်းရဲဒုက္ခသည် သည်းခံနိုင်စွမ်းကို ဖြစ်ပေါ်စေကြောင်း ငါတို့သိကြ၏။-
- 4 သည်းခံနိုင်စွမ်းသည် အစမ်းသပ်ခံသော စရိုက်လက္ခဏာကို ဖြစ်ပေါ်စေပြီး ထိုစရိုက်လက္ခဏာသည် မျှော်လင့်ခြင်းကို ဖန်တီးပေး၏။-
- 5 ထိုမျှော်လင့်ခြင်းသည် ငါတို့အား စိတ်ပျက်စေလိမ့်မည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်သည် ငါတို့အား ပေးထားသည့် ဝိညာဉ်တော်မြတ်အားဖြင့် မိမိ၏မေတ္တာတော်ကို ငါတို့၏ စိတ်နှလုံးများအတွင်းသို့ သွန်းလောင်းတော်မူ သောကြောင့်ဖြစ်၏။
- 6 ငါတို့သည် အားကိုးရာမဲ့ဖြစ်နေစဉ်တွင် ခရစ်တော်သည် ဘုရားတရားမဲ့သော ငါတို့အတွက် သတ်မှတ်ထားသည့်အချိန်၌ အသေခံတော်မူ၏။-
- 7 ဖြောင့်မတ်သောသူတစ်ယောက်အတွက် အသေခံမည့်သူမရှိသလောက်ဖြစ်၏။ သို့သော် ကောင်းသောသူတစ်ယောက် အတွက် အသေခံဝံ့သူ ရှိကောင်းရှိလိမ့်မည်။-
- 8 သို့ရာတွင် ငါတို့သည် အပြစ်သားများဖြစ်နေသောအခါ၌ပင် ခရစ်တော်သည် ငါတို့အတွက် အသေခံတော်မူခြင်းဖြင့် ဘုရားသခင်သည် ငါတို့အပေါ်ထားရှိသော သူ၏ချစ်မေတ္တာကို ပြသတော်မူ၏။-
- 9 ထို့ကြောင့် ယခုငါတို့သည် ကိုယ်တော်၏အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်ခဲ့ကြသောကြောင့် ထိုသခင်အားဖြင့် ဘုရားသခင်၏ အမျက်တော်မှ ပို၍ပင်ကယ်ချွတ်တော်မူခြင်း ခံရပေလိမ့်မည်။-
- 10 အဘယ်ကြောင့်ဆိုသော် ငါတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ခဲ့ကြစဉ်က ကိုယ်တော့်သားတော်၏ အသေခံတော်မူ ခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခဲ့ကြပါလျှင် ယခုငါတို့သည် ပြန်လည်သင့်မြတ်ကြပြီဖြစ်သဖြင့် သားတော်၏ အသက်တော်အားဖြင့် ကယ်တင်ခြင်းကို ပိုမိုရရှိကြပေလိမ့်မည်။-
- 11 ထိုမျှသာမက။ ငါတို့သည် ငါတို့၏သခင် ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခြင်းကို ယခုခံစားကြရသောကြောင့် ထိုသခင်အားဖြင့် ဘုရားသခင်၌ ဝမ်းမြောက်ကြ၏။
- 12 ထို့ကြောင့် မကောင်းမှုသည် တစ်ယောက်သော သူအားဖြင့် ဤလောကအတွင်းသို့ ဝင်ရောက်လာခဲ့၍ ထိုမကောင်းမှုအားဖြင့် သေခြင်းတရား ဝင်ရောက်လာခဲ့၏။ ဤသို့ဖြင့် လူအပေါင်းတို့သည် အပြစ်ကျူးလွန်ကြသောကြောင့် သေခြင်းသည် လူအပေါင်းတို့အပေါ်သို့ သက်ရောက်လေ၏။-
- 13 ပညတ်တရားကို ချမှတ်ထားခြင်းမရှိမီကပင် အပြစ်သည် လောကအတွင်း၌ရှိခဲ့၏။ သို့ရာတွင် ပညတ်တရား မရှိသည့် နေရာတွင် အပြစ်ဟူ၍မှတ်ယူခြင်း မရှိပေ။-
- 14 သို့သော်လည်း သေခြင်းတရားသည် အာဒံမှစ၍ မိုးဇက်တိုင်အောင် လူအပေါင်းတို့အား အစိုးရခဲ့၏။ အာဒံပြစ်မှားခဲ့သော အပြစ်နှင့်မတူသောအပြစ်ကို ကျူးလွန်သောသူတို့ကိုပင် သေခြင်းသည် အစိုးရခဲ့၏။ အာဒံသည် နောင်တစ်ချိန်တွင် ပေါ်ထွန်းမည့်သူ၏ ပုံစံနမူနာဖြစ်၏။
- 15 သို့ရာတွင် ကျေးဇူးတော်သည် အပြစ်အမှားကဲ့သို့ မဟုတ်ပေ။ အကြောင်းမူကား လူတစ်ယောက်၏ အပြစ်အားဖြင့် လူအများတို့သည် သေခြင်းသို့ရောက်ခဲ့ကြလျှင် တစ်ယောက်သော သူတည်းဟူသော ယေဇူးခရစ်တော်အားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကျေးဇူးတော်၏အကျိုးတို့သည် လူအများအတွက် ပို၍ကြွယ်၀ပြည့်စုံတော်မူ၏။-
- 16 ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း ထိုလူတစ်ဦးကျူးလွန်ခဲ့သော အပြစ်၏အကျိုးဆက်ကဲ့သို့ မဟုတ်ပေ။ အကြောင်းမူကား အပြစ်တစ်ခုကို စီရင်သောအခါ ဒဏ်ခတ်ခြင်းဖြစ်ပေါ်လာရ၏။ သို့သော် များစွာသော အပြစ်တို့အတွက် ရရှိသောအခမဲ့ကျေးဇူးတော်သည်ကား ဖြောင့်မတ်ခြင်းကိုဖြစ်ပေါ်စေ၏။-
- 17 လူတစ်ဦး၏ အပြစ်ကျူးလွန်ခြင်းကြောင့် သေခြင်းတရားသည် ထိုသူတစ်ဦးအားဖြင့် အစိုးရသည်မှန်လျှင် ကြွယ်၀သော ကျေးဇူးတော်နှင့် အခမဲ့လက်ဆောင်ဖြစ်သော ဖြောင့်မတ်ခြင်းကို ရရှိကြသောသူတို့သည် ယေဇူးခရစ်တော်တစ်ပါး တည်းအားဖြင့် ဘ၀တွင် ပိုမိုအစိုးရကြပေလိမ့်မည်။
- 18 ထို့နောက် လူတစ်ဦး၏အပြစ်သည် လူအပေါင်းတို့ကို အပြစ်စီရင်ခြင်းသို့ ရောက်စေသည့်နည်းတူ တစ်ယောက်သောသူ၏ ဖြောင့်မတ်ခြင်းအကျင့်သည် လူအပေါင်းတို့ကို လွတ်မြောက်စေပြီး အသက်ရှင်ခြင်းကိုပေးလေ၏။-
- 19 အကြောင်းမူကား လူတစ်ဦး၏နာခံမှုမရှိခြင်းကြောင့် လူအပေါင်းတို့သည် အပြစ်သားများဖြစ်ကြရသည့်နည်းတူ တစ်ယောက်သောသူ၏နာခံခြင်းကြောင့် လူအပေါင်းတို့သည် ဖြောင့်မတ်သောသူများဖြစ်လာကြ၏။-
- 20 အပြစ်ကျူးလွန်မှု တိုးပွားစေခြင်းငှာ ပညတ်တရားရောက်လာခဲ့၏။ သို့သော် အပြစ်ဒုစရိုက်တိုးပွားသည့် အရပ်၌ ကျေးဇူးတော်သည် ပို၍ပင်ကြွယ်၀လေ၏။-
- 21 သို့ဖြစ်၍ အပြစ်မကောင်းမှုသည် သေခြင်းတရား၌ စိုးမိုးသည့်နည်းတူ ကျေးဇူးတော်သည်လည်း ငါတို့၏သခင်ယေဇူး ခရစ်တော်၌ ထာ၀ရအသက်ကို ငါတို့ရရှိကြစေရန် ဖြောင့်မတ်ခြင်းတရားအားဖြင့် စိုးမိုးလျက်ရှိ၏။
-
King James Version (kjv)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.